Covid – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့ တွင်မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ရှိ IDPs စခန်း(၁)နှင့် စခန်း(၂)တို့ရှိ အိမ်ထောင်စု စုစုပေါင်း (၃၇၀)စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန် (၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၄,၈၀၀,၀၀ဝ/-)အား ချီဖွေမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_aug2020

Source:   ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events