
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက် နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ (၁၊၂၊၃၊၄) ရပ်ကွက်၊ ဘဝသစ်ကျေးရွာရှိ (၁၊၂၊၃) ရပ်ကွက် တို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည် ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်ဝေငှခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_aug2020