Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ရေပေါက်ကြီးကျေးရွာ နှင့် ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၅၂၀၀/-)ကျပ် တို့ကို (၂၅-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020
-
IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps)၊ (၅)ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံးရှိ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦးနှင့် (၆)ရပ်ကွက်မူကြိုကျောင်းရှိ အိမ်ထောင်စု (၃၈)စု၊ လူဦးရေ(၁၈၇)ဦးတို့အတွက် ထုံး (၂၀)အိတ်၊ လက်ဆေးဆပ်ပြာ(၉၀၄)ခဲတို့ကို ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_aug2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၄.၈.၂၀၂၀)ရက်နေ့ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောက်ဖြူပင်ကျေးရွာ၊ ပေါက်ပင်ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ ရေဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်၌ သီပေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအနီးတွင် တောင်ကျရေများစီးဆင်းသဖြင့် ချောင်းရေ လျှံပြီး ရေဝင်ရောက်သည့် လူနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၂၃၅,၂၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့ခဲ့ပါကြောင်း … Read more
-
နမ့်ခမ်းမြို့နယ် (IDP) စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စုအလိုက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နမ့်ခမ်းမြို့နယ်အတွင်းရှိ (IDPs) စခန်း(၆)ခုမှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၃၈၉)စုအတွက် (COVID-19) စီးပွားရေးကုစားမှု အစီအစဥ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူနိုင်ရန် အတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် (၄၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းရန်ပုံငွေ (၁၅,၅၆၀,၀၀၀) ကျပ်တို့ကို စခန်းတာဝန်ခံများ မှတဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့ (၁၃းဝဝ) နာရီမှ (၁၆း၃၀) နာရီအချိန်အထိ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့အမှတ် (၄)ရပ်ကွက်၊ မြေနီကုန်း၊ ဖားချောင်၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် အချက်များကြော်ငြာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရာသီတွင်ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more









