
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် covid_19 အသိပညာပေးကော်မတီမှတာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ အာဇာနည်လမ်းတို့နှင့် ရပ်ကွက် (၁၀) ခုတို့၌ covid_19 ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် လှည့်လည်အသိပညာပေးခြင်း၊ covid_19 ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော covid_19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား ကြေညာပေးခြင်းနှင့် အများပြည်သူမြင်တွေ့နိုင်သည့် နေရာများတွင် ရောဂါကာကွယ်ရေး ပိုစတာများအား ကပ်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_aug2020