Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက် နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ် ပွားစေရန် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေယွန်းကျေးရွာတွင်လည်းကောင်း၊ (၂၆-၈-၂၀၂၀) ရက် နေ့ နေ့လယ်ပိုင်းတွင် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ဝေလေလန်အာခါရွာ၌လည်းကောင်း ပြည်သူ လူထုထံသို့ Covid-19 ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို hand speaker ဖြင့်ဆော်သြအသိပညာပေးခြင်း၊ Maskများဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာများကပ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

#ar
#shan_aug2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events