Latest News
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၈.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိ ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၄၃)လုံး၊ အိမ်ထောင်စု (၄၃)စုမှ ကျား(၇၈)ဦး မ(၇၅)ဦး၊ စုစုပေါင်း (၁၅၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၂၁၃၀၀/-)နှင့် ပြောင်းရွှေ့အိမ်(၄၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၃၀၀၀၀၀/-)၊ စုစုပေါင်း (၄၆၂၁၃၀၀/-)၊ ဓာတ်ဆားထုပ် (၄၃၀)ထုပ် အား ဆိက္ခဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့်အတူ (၂၇.၈.၂၀၁၉) ရက်နေ့ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ ခင်ဦး မြို့နယ်၊ မြနန္ဒာ၊ အောင်မင်္ဂလာ၊ မြကန်သာ၊ အောင်ချမ်းသာ ၊ အောင်သီရိရပ်ကွက်များနှင့် ရွာစဉ် ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာ ကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ၊ ထုံးဘိုကြီး ကျေးရွာနှင့်ထုံးဘိုလေးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု များမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေး ဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော် ကြေငြာခဲ့ပြီး ဗီနိုင်းပိုစတာဖြန့်ဝေပေးခဲ့ပါကြောင်း … Read more
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer အဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ ကလေးမြို့နယ်ရှိ ချင်းဆိုင်ရွာ၊ သာစည်ရွာ၊ ဇင်းကလင်းရွာ၊ သာယာဝတီရွာ၊ သာယာကုန်ရွာ၊ ကြာအင်းရွာ၊ ထောက်ကြံ့ရွာ၊ စည်သာရွာ၊ နတ်ချောင်းရွာ၊ နတ်မြောင်းရွာများရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၂၈-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မြစ်ကြီးဘိုးကျေးရွာအုပ်စုအတွင်းရှိ ဘိုးပန်း လှကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ အနန်းချောင်းကျေးရွာ၊ ဖောင်ကွဲကျေးရွာ၊ မဂူချောင်းကျေးရွာ၊ ကဇောင်းဝကျေးရွာ၊ ကဇောင်း ဖျားကျေးရွာ၊ မြစ်ကြီးဘိုးကျေးရွာနှင့် ကနစိုချောင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး … Read more
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီအချိန်ခန့်၌ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စုအတွင်း ဒုံသမိချောင်းရေမြင့်တက် လာမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ထပ်တိုးအိမ်ထောင်စု(၃)စုတို့မှ လူဦးရေ (၁၁)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-) ကျပ်အား (၂၈-၈-၂၀၂၀)ရက်နေ့ (၁၃:၅၀) နာရီအချိန် ဒူးရင်းဆိပ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီး ကျောင်းတို့၌ဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2020 Source: … Read more









