လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer အဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ ကလေးမြို့နယ်ရှိ ချင်းဆိုင်ရွာ၊ သာစည်ရွာ၊ ဇင်းကလင်းရွာ၊ သာယာဝတီရွာ၊ သာယာကုန်ရွာ၊ ကြာအင်းရွာ၊ ထောက်ကြံ့ရွာ၊ စည်သာရွာ၊ နတ်ချောင်းရွာ၊ နတ်မြောင်းရွာများရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_aug2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)