ကမ်းပြို​​ဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၈.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိ ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၄၃)လုံး၊ အိမ်ထောင်စု (၄၃)စုမှ ကျား(၇၈)ဦး မ(၇၅)ဦး၊ စုစုပေါင်း (၁၅၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၂၁၃၀၀/-)နှင့် ပြောင်းရွှေ့အိမ်(၄၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၃၀၀၀၀၀/-)၊ စုစုပေါင်း (၄၆၂၁၃၀၀/-)၊ ဓာတ်ဆားထုပ် (၄၃၀)ထုပ် အား ​ဆိက္ခဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့်အတူ (၂၇.၈.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_aug2020

Source:     ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events