ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီအချိန်ခန့်၌ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စုအတွင်း ဒုံသမိချောင်းရေမြင့်တက် လာမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ထပ်တိုးအိမ်ထောင်စု(၃)စုတို့မှ လူဦးရေ (၁၁)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-) ကျပ်အား (၂၈-၈-၂၀၂၀)ရက်နေ့ (၁၃:၅၀) နာရီအချိန် ဒူးရင်းဆိပ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီး ကျောင်းတို့၌ဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_aug2020

Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events