Latest News
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့ တွင် ညောင်ဦးမြို့ အမှတ် (၂) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ နေရာချထားရသော အိမ်ထောင်စု (၅) စုမှ လူဦးရေ (၄၈) ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၁၀၀,၈၀၀/-) ကျပ်ကို (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fld #mdy_aug2020 Source: … Read more
-
Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိသီးကုန်းကျေးရွာအုပ်စု၊ မုန်တိုင်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ အုပ်စုအောက်ရှိ ကျေးရွာများသို့သွားရောက်ကာ ကျေးရွာရှိပြည်သူများအား Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမ ဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ တွင် တောင်ကြီး-လွိုင်လင်အဝင်ဂိတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်း၊ လူမှုကူညီရေးပရဟိသအသင်းတို့နှင့်ပူးပေါင်း၍ ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါ သောခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစီးခရိုင်ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွား ရေးကုစားမှုအစီအစဉ်(CERP) အရစားသောက်ကုန်(၅) မျိုးထောက်ပံ့ရန် အိမ်ထောင်စု(၁) စုလျှင်(၄၀,၀၀၀/-) ကျပ်နှုန်းဖြင့်လီဆူ IDps စခန်းတွင် အိမ်ထောင်စု(၁၁၃) စု၊ လူဦးရေ(၆၄၅) ဦး အားလည်းကောင်း၊ AD-(2000) IDPs စခန်းတွင် အိမ်ထောင်စု(၁၅၅) စု၊ လူဦးရေ (၇၁၈) ဦးတို့ အားလည်းကောင်း၊ ရောဘတ် IDPs စခန်းတွင် အိမ်ထောင်စု(၆၂၀) စု၊ လူဦးရေ(၃၈၇၆) ဦးတို့ အားလည်းကောင်း၊ ထွယ်ဆန် IDps … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၉-၈-၂၀၂၀) ရက်နေ့တွင် ကသာမြို့ပေါ်ရပ်ကွက် များတွင် (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ၊ COVID-19 ကူးစက်မြန်ရောဂါနှင့် ပက်သက်၍ ပြည်သူများသို့ပန်ကြားချက်အား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်၊၊ #ar #sgg_aug2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၈-၈-၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ကပ္ပလိပ်၊ နွားကူးကျေးရွာ၊ မဲဟင်းကျေးရွာ၊ လမ်းခွ ကျေးရွာ၊ ပင်းမလွတ်ကျေးရွာ၊ သာစည်ကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်မြန် ရောဂါနှင့် ပက်သက်၍ ဆောင်ရန်၊ရှောင်ရန်များကို (၁၆:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီ အချိန်ထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ #ar #sgg_aug2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)









