လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိသီးကုန်းကျေးရွာအုပ်စု၊ မုန်တိုင်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ အုပ်စုအောက်ရှိ ကျေးရွာများသို့သွားရောက်ကာ ကျေးရွာရှိပြည်သူများအား Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမ ဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_aug2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)