လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့ တွင် ညောင်ဦးမြို့ အမှတ် (၂) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ နေရာချထားရသော အိမ်ထောင်စု (၅) စုမှ လူဦးရေ (၄၈) ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၁၀၀,၈၀၀/-) ကျပ်ကို (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fld
#mdy_aug2020
Source: ညောင်ဦးခရိုင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)