
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ တွင် တောင်ကြီး-လွိုင်လင်အဝင်ဂိတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်း၊ လူမှုကူညီရေးပရဟိသအသင်းတို့နှင့်ပူးပေါင်း၍ ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါ သောခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_aug2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)