မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြို​​ဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၈.၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ ကျား(၆)ဦး မ(၆)ဦး၊ စုစုပေါင်း(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၂၅၂၀၀/-)ကျပ်နှင့် ပြောင်းရွှေ့အိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၂၅၂၀၀/-)၊ ဓာတ်ဆားထုပ် (၃၀)ထုပ်အား ​ရှားပင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ(၃၁.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၅:၀၀)နာရီတွင် … Read more

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၄:၀၀) နာရီအချိန်ထိ ကျိုက်မရော မြို့နယ်၊ ဘိန်းဗျောကျေးရွာနှင့် အထ္ထရံရပ်ကွက်တို့တွင် Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့်မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်:ဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တာရယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ တောင်ယာဖျားကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအား (၃၁-၈-၂၀၂၀)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_aug2020

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀)ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာနှင့် ကုလားကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၇) စု၊  လူဦးရေ(၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၄၆၂၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၇၄၆၂၀ဝ/-)ကျပ်အား (၃၁-၈-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်မြို့ အုပ်ချုပ်ရေးမှူးရုံး တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

  • ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအုပ်စု၌ (၂၃.၈.၂၀၂၀)ရက်နေ့ တွင် မှော်သစ်ကုန်းအပိုင်း(၃)နေသူ ဦးအားရွှင်၊ အသက်(၃၀)နှစ်၊ (ဘ) ဦးဆောင်ရွှင်သျွမ်းသည် တစ်သုံးလုံးမြေစာပုံတွင် မျှောတိုက်ကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၈၀)ခန့် ကျောက်ခဲပြုတ်ကျထိမှန်ခဲ့ရာ ယာဘက်လက်မောင်းကျိုး၊ မျက်နှာ ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူ(၁)ဦးအား ထောက်ပံ့ငွေ(၅၀၀၀ဝိ)ကျပ်အား (၃၁.၈.၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။   #otr #kcn_aug2020 … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုး ဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရွှေသောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၃)စုရှိ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၃၁၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၃)အိမ်ထောင်စာအား (၃၁-၈-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး … Read more