ကမ်းပြို​​ဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၈.၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ ကျား(၆)ဦး မ(၆)ဦး၊ စုစုပေါင်း(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၂၅၂၀၀/-)ကျပ်နှင့် ပြောင်းရွှေ့အိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၂၅၂၀၀/-)၊ ဓာတ်ဆားထုပ် (၃၀)ထုပ်အား ​ရှားပင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ(၃၁.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၅:၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_rbe

#mgy_aug2020

Source:  ပခုက္ကူခရိုင်ဦးစီးမှူး (ဘစမ)

Sign Up

Upcoming Events