ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအုပ်စု၌ (၂၃.၈.၂၀၂၀)ရက်နေ့ တွင် မှော်သစ်ကုန်းအပိုင်း(၃)နေသူ ဦးအားရွှင်၊ အသက်(၃၀)နှစ်၊ (ဘ) ဦးဆောင်ရွှင်သျွမ်းသည် တစ်သုံးလုံးမြေစာပုံတွင် မျှောတိုက်ကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၈၀)ခန့် ကျောက်ခဲပြုတ်ကျထိမှန်ခဲ့ရာ ယာဘက်လက်မောင်းကျိုး၊ မျက်နှာ ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူ(၁)ဦးအား ထောက်ပံ့ငွေ(၅၀၀၀ဝိ)ကျပ်အား (၃၁.၈.၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

 

#otr

#kcn_aug2020

Source:  ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events