Latest News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာနှင့် ကတိုက်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအားအသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့ ကမ်းပြိုမှုကြောင့် မျောပါပျက်စီးခဲ့သော အိမ်ခြေဝါးအိမ်(၁)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအတွက် တန်ဖိုး(၃၄၇၅၃/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၁၄၇၃၅၃/-)ကျပ်ကို (၄-၉- ၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2020 … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ Covid-19 ကူးစက်ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ နှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ဘေးစသော သဘာဝဘေးများနှင့်ပတ်သက်သည့် အသိ ပညာပေးလက်ကမ်းကြော်ငြာများကို ကလေးမြို့တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ပင်လုံရပ်ကွက်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ရပ်ကွက်နှင့် ကျီကုန်းကျေးရွာ၊ နတ်ကြီးကုန်(ပျဉ်း)ကျေးရွာ၊ အေးသာယာကျေးရွာ၊ ကျောက္ကာ ကျေးရွာတို့တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရှရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့နှင့် (၃-၉-၂၀၂၀) ရက်နေ့တို့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟသားဒုံးကျေးရွာအုပ်စု၊ ဟသားဒုံးကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၆၇၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၈၆၇၂၀၀/-)ကျပ်အား (၄-၉-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_sep2020
-
COVID_19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ အင်းကောင်း ကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာ၊ တင်းတိမ်ရံကျေးရွာအုပ်စု၊ တင်းတိမ်ရံကျေးရွာ၊ ကျောင်းအင်ကျေးရွာ၊ မြနှင်းသာကျေးရွာ၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ၊ ဇီးတော ကျေးရွာ၊ ချောင်းကွေ့ကျေးရွာ၊ စသာကုန်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး မိဘပြည်သူများ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID_19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မင်းကံကြီး၊ သံဘို၊ ချောင်းဆုံ၊ မန်ကြီးတုံ၊ မြေနီသျှို၊ ခြေမြစ်ရင်း၊ တံတားဦး၊ ကျွန်းပင်ကန်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020









