COVID_19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ အင်းကောင်း ကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာ၊ တင်းတိမ်ရံကျေးရွာအုပ်စု၊ တင်းတိမ်ရံကျေးရွာ၊ ကျောင်းအင်ကျေးရွာ၊ မြနှင်းသာကျေးရွာ၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာ၊ ဇီးတော ကျေးရွာ၊ ချောင်းကွေ့ကျေးရွာ၊ စသာကုန်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး မိဘပြည်သူများ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_sep2020

Sign Up

Upcoming Events