COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ Covid-19 ကူးစက်ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ နှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ဘေးစသော သဘာဝဘေးများနှင့်ပတ်သက်သည့် အသိ ပညာပေးလက်ကမ်းကြော်ငြာများကို ကလေးမြို့တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်၊‌ အောင်ဇေယျရပ်ကွက်၊ ပင်လုံရပ်ကွက်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ရပ်ကွက်နှင့် ကျီကုန်းကျေးရွာ၊ နတ်ကြီးကုန်(ပျ‌ဉ်း)ကျေးရွာ၊ အေးသာယာ‌ကျေးရွာ၊ ကျောက္ကာ ကျေးရွာတို့တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရှရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_sep2020

Sign Up

Upcoming Events