Latest News
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုး၊ ရေပြင်းချောင်း၊ မယ်စိန်စု၊ ရွာသစ်၊ မြတ်လှချောင်း၊ ရန်ကင်းစံရာအနောက်ကျွန်းကျေးရွာများ၌ (Covid-19) ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_sep2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ၊ ကျောက်ကုတင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၈-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စု မှလူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာရန်ပုံငွေ (၂၁,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၂၁,၀၀၀) ကျပ်တို့ကို (၉-၉-၂၀၂၀)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ … Read more
-
မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်မှုသတင်း
စက်တင်ဘာ ၉၊ နေပြည်တော် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစု ရေးဌာနအဆောက်အဦကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အထောက် အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ရဘိန်းကျေးရွာအုပ်စု၊ ရေပြာကျေးရွာ၊ ရဘိန်းကျေးရွာ(တောင်)၊ ရဘိန်းကျေးရွာ(မြောက်)၊ ကြိမ်မျှောင်ကျေးရွာ၊ အောင်စည်နတ်ကန်ကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_sep2020 Source: … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးတို့မှ (၈-၉-၂၀၂၀)ရက် ရသေ့တောင်မြို့နယ်၊ ဆင်ခုန်တိုင်ကျေးရွာ၌ အိမ်ထောင်စု(၃၅)စု လူဦးရေ(၁၂၀)ဦး၊ ဇီးခေါင်းကျေးရွာ၌ အိမ်ထောင်စု(၃၁) စု၊ လူဦးရေ(၁၈၇)ဦး၊ သမီးလှရွာသစ်၌ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦး၊ တောင်ရင်းတန်းရပ်ကွက်၌ အိမ်ထောင်စု(၆၆၃)စု၊ လူဦးရေ(၂၆၈၉)ဦး၊ အောင်စည်ကုန်းရွာ၌ အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၂၀)ဦး၊ အရှေ့မြောက်ရပ်ကွက်၌ အိမ်ထောင်စု(၁၇၅၆)စု၊ လူဦးရေ(၆၆၀၇)ဦး၊ သိန်တောင်ကျေးရွာ၌ (၁၀၃)စု၊ လူဦးရေ(၄၃၁)ဦး၊ ကူတောင်ကျေးရွာ၌ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦး၊ ပြိန်းတောကျေးရွာ၌ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၁၂၈)ဦး၊ ချောင်းဝကျေးရွာ၌ အိမ်ထောင်စု(၁၅၈)စု၊ လူဦးရေ (၆၁၁)ဦး၊ ကံပြင်ကျေးရွာ၌ … Read more









