လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးတို့မှ (၈-၉-၂၀၂၀)ရက် ရသေ့တောင်မြို့နယ်၊ ဆင်ခုန်တိုင်ကျေးရွာ၌ အိမ်ထောင်စု(၃၅)စု လူဦးရေ(၁၂၀)ဦး၊ ဇီးခေါင်းကျေးရွာ၌ အိမ်ထောင်စု(၃၁) စု၊ လူဦးရေ(၁၈၇)ဦး၊ သမီးလှရွာသစ်၌ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦး၊ တောင်ရင်းတန်းရပ်ကွက်၌ အိမ်ထောင်စု(၆၆၃)စု၊ လူဦးရေ(၂၆၈၉)ဦး၊ အောင်စည်ကုန်းရွာ၌ အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၂၀)ဦး၊ အရှေ့မြောက်ရပ်ကွက်၌ အိမ်ထောင်စု(၁၇၅၆)စု၊ လူဦးရေ(၆၆၀၇)ဦး၊ သိန်တောင်ကျေးရွာ၌ (၁၀၃)စု၊ လူဦးရေ(၄၃၁)ဦး၊ ကူတောင်ကျေးရွာ၌ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦး၊ ပြိန်းတောကျေးရွာ၌ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၁၂၈)ဦး၊ ချောင်းဝကျေးရွာ၌ အိမ်ထောင်စု(၁၅၈)စု၊ လူဦးရေ (၆၁၁)ဦး၊ ကံပြင်ကျေးရွာ၌ အိမ်ထောင်စု(၆၆)စု၊ လူဦးရေ(၄၄၀)ဦး၊ ပြင်ဝန်းကျေးရွာ၌ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၈၅)ဦး၊ စဖိုကျွန်းကျေးရွာ၌ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၆၁)ဦး၊ စပါးထားကျေးရွာ၌ အိမ်ထောင်စု(၁၇၀)စု၊ လူဦးရေ(၆၆၇)ဦး၊ ပြားချောင်းကြီးကျေးရွာ၌ အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၂၀)ဦး၊ ကုန်တန်းကျေးရွာ၌ အိမ်ထောင်စု(၄၇)စု၊ လူဦးရေ(၂၀၉)ဦး စုစုပေါင်း အိမ်ထောင်စု(၃၂၇၆)စု၊ လူဦးရေ(၁၂၉၅၅)ဦး တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခါ(၁)လစာ အတွက် (၄၀၄၈)အိတ် (၁၀)ပြည် (၄) ဗူးအားသွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_sep2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)