လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင်covid-19ရောဂါ ​ကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ မေတ္တာလွမ်းခြုံလွှာ လူမူကူညီရေးအဖွဲ့ ​တို့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၁၂.၉.၂၀၂၀)ရက်နေ့၊ နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်မြို့နယ်၊ ဟွေးတောက်ကျေးရွာအုပ်စု၊ စင်းခမ်းကျေးရွာနှင့် ကျိုင်းခမ်းကျေးရွာ၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်အကြောင်းများ နှင့် ရှောင်ရန်/ဆောင်ရန် စသည်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည်ဆော်သြပြီး ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ … Read more

  • COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုနှင့် စက္ကောရေလယ်ကျွန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာ၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် လှည့်လည်အသိပညာပေးခြင်း၊ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား ကြေညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်၊ ပိုစတာများ … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင် covid-19ရောဂါ ​ကာကွယ်ရန် အကူအညီပေးရေးအဖွဲ့၊ မေတ္တာလွမ်းခြုံလွှာ လူမူကူညီရေးအဖွဲ့ ​တို့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၁၁.၉.၂၀၂၀)ရက်နေ့၊ နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာ၊​ ခေါင်းနွဲ့ကျေးရွာ ၊တောင်နောက် ကျေးရွာတို့၌ လည်းကောင်း၊ မွန်းလွဲပိုင်း(၁၃း၁၅)မှ(၁၅းဝ၀)ထိ လွိုင်လင်ခရိုင်မိုင်းပွန်မြို့ ၌လည်းကောင်း Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ၊သဘာဝဘေးအန္တရာယ်အကြောင်းများနှင့် ရှောင်ရန်/ဆောင်ရန် စသည်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည်ဆော်သြပြီး ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ( ၁၃-၉-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေကောကျေး ရွာအုပ်စု၊ ဘွယ်ဒိုးသာကျေးရွာ၊ ယူလိခိုကျေးရွာ၊ ကေကောကျေးရွာ၊ ဆော်လယ်ကျေးရွာ၊ သိုသီးဖိုကျေးရွာအုပ်စု၊ ပေခီးကျေးရွာများရှိ ပြည်သူများအား (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖြန့်ဝေ ခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_sep2020     Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အုပ္ဖိုလ် ချောင်ကျေးရွာနှင့် သုံးအိမ်စုကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:           သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့နယ်ဦးစီးမှူးရုံး ဆောက်လုပ်နေဆဲအခြေအနေအား စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀’ x ၃၀’ x ၂၈’) RCC (၂)ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ဝင်းထက်ကျော် ကုမ္ပဏီမှ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် (၁၃-၉-၂၀၂၀)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ အား ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #office #ayy_sep2020 Source:     ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)