လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ( ၁၃-၉-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေကောကျေး ရွာအုပ်စု၊ ဘွယ်ဒိုးသာကျေးရွာ၊ ယူလိခိုကျေးရွာ၊ ကေကောကျေးရွာ၊ ဆော်လယ်ကျေးရွာ၊ သိုသီးဖိုကျေးရွာအုပ်စု၊ ပေခီးကျေးရွာများရှိ ပြည်သူများအား (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖြန့်ဝေ ခဲ့ကြောင်း သိရှိရပါသည်။
#ar
#kyh_sep2020
Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)