လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ၊ ပေါက်တောကျေးရွာ၊ မကျည်းချောင်ကျေးရွာ၊ရှင်စောပြင်ကျေးရွာနှင့်ကွေ့ချောင်းကျေးရွာတို့တွင် လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_sep2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)အချိန်၌ ဘားအံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အုတ်ဖိနပ်ခံ၊ ပျဉ်ထောင် သွပ်မိုးနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှဘေးသင့်လူဦးရေ (၇)ဦးအတွက် (၂၂)မျိုးပါ Family Kit(၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_sep2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်၊ ကောင်းကြဲ(ပိတ်)ကျေးရွာအုပ်စု၊ ကောင်းတက်ကျေးရွာနှင့် ကောင်းကြဲ(ပိတ်)ကျေးရွာများအတွင်း COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့် အချက်များနှင့် COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် … Read more

  • Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း Facility Quarantinen Center အဖြစ်အသုံးပြုခဲ့သော Multi Purpose Shelter ၌ လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြိုနယ်၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၊ ကြိမ်ချောင်း Multi Purpose Shelter တွင် Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုခဲ့သည့်အတွက် လက်ဆေးဘေစင်နှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်တပ်ဆင်ရန်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_sep2020

  • မြေပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀)ရက်နေ့မှ (၉-၉-၂၀၂၀) ရက်နေ့အထိ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနိုင်ခြေရှိ၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုနှင့် ဘေးသင့်လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)အိမ်ထောင် စုစာတို့အား (၁၄-၉-၂၀၂၀) ရက်နေ့ ၊(၁၄:၃၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #shn_aug2020

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်တိ/ကုဦးစီးမှူးတို့နှင့်ပူးပေါင်း၍ (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှစတင်ကာ မိုင်းဖြတ်မြို့နယ်ရှိ နမ့်နန်းရှမ်းကျေးရွာနှင့် နမ့်နန်းအာခါကျေးရွာများအတွင်း Covid-19 ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် လိုက်နာဆောင်ရွက်ရမည့် ကျန်းမားရေးအမူအကျင့်များ၊ စည်းကမ်းချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို ရှမ်းဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာပေးခြင်းနှင့် Covid-19 အသိပညာပေး လက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: … Read more