မြေပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀)ရက်နေ့မှ (၉-၉-၂၀၂၀) ရက်နေ့အထိ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနိုင်ခြေရှိ၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုနှင့် ဘေးသင့်လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၁)အိမ်ထောင် စုစာတို့အား (၁၄-၉-၂၀၂၀) ရက်နေ့ ၊(၁၄:၃၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_lsd
#shn_aug2020

Sign Up

Upcoming Events