ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ပင်းတယမြို့နယ်၊ ရွှေပြည်သာရပ်ကွက်နှင့် ဆူးဗိုလ်ကုန်းရပ်ကွက်တို့တွင်(Covid-19) ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_sep2020 Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • IDPsစခန်းများရှိ ပြည်သူများအတွက် (Covid-19) ရောဂါကာကွယ်​ရေးနှင့်ပတ်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၃)ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)၊လူဦးရေ(၁၃၈)၊ ကာလိုင် (၁) အိမ်ထောင်စု(၈၄)၊ လူဦးရေ(၄၉၆) ၊ ကာလိုင်(၂) အိမ်ထောင်စု (၁၇၅)၊ လူဦးရေ(၁၁၀၅)၊ ပန်ကူအိမ်ထောင်စု(၁၀၅)၊ လူဦးရေ(၆၃၆) စုစုပေါင်းအိမ်ထောင်စု(၃၉၄)စု၊ လူဦးရေ (၂၃၇၅)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ​စုစုပေါင်းထုံး (၄၀)အိတ်နှင့်  လက်ဆေးဆပ်ပြာ(၂၃၇၅)တောင့်တို့ကို ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့၊ (၀၂:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ်၊ ရှမ္မလည်ဆွဲရပ်ကွက် မီးဘေးတွင် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)စုစာ၊ လူဦးရေ(၁)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ်နှင့် သေဆုံးသူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၅၀၂,၁၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ဘေးသင့် ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့တွင် ပင်းတယမြို့နယ်၊ ဟော်ကုန်းရပ်ကွက်နှင့် ပေါက်တောရပ်ကွက်တို့တွင် (Covid-19) ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်း ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker ဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_sep2020 Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ်၊ ကြက်စာပြင် ရပ်ကွက် မီးဘေးတွင် လုံးဝပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၇) စုစာနှင့် လူဦးရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၀၀,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၈၀၀/-) ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့ … Read more

  • COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊​​​ နိုင်း​ပြိုင်ကျေးရွာနှင့် ဖဲကူးကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များ​​ဖြင့်လည်း ကောင်းဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source:     မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)