Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ၊ ငပန်စမ်းဝကျေးရွာ၊ ငပန်ကုန်းကျေးရွာ၊ ငပန်မောင်းဆွဲကျေးရွာ၊ နွားခြံကျေးရွာနှင့် ကျားပစ်ကုန်းကျေးရွာတို့တွင် လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှု မဖြစ်စေရန် အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_sep2020

Sign Up

Upcoming Events