Latest News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
စက်တင်ဘာ ၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ ရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေးကိစ္စများကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူး များနှင့် ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်း စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်တို့တွင် Covid-19 ကူးစက်မှု မဖြစ်ပွားစေရန်နှင့် အမိန့်ညွှန်ကြားချက်များအား (၂၉-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀- ၉-၂၀၂၀) ရက်နေ့၌ ဖောင်းပြင်မြို့၏ ချင်းတွင်းမြစ်ရေသည် (၁၂၅၁ စင်တီမီတာ) သို့ ရောက်ရှိနေပါသဖြင့် ဖောင်းပြင်မြို့ယာယီပျံကျဈေးအတွင်း ပြည်သူများအား ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့ ညနေပိုင်း တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ နမ့်ဖက်အွမ်ကျေးရွာ၌ COVID-19 ကူးစက်မှုမဖြစ်ပွား စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့်လှည့်လည်ဟောပြောခဲ့ပြီး COVID-19 ကာကွယ်နိုင်ရန် Mask နှာခေါင်းစည်းအသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်းစည်းကို အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေးစနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ပေးဝေခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ နမ့်မော်စွန်ကျေးရွာနှင့် လွယ်လွမ့်ကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှာခေါင်းစည်းအသုံးပြုခြင်းဆိုင်ရာအကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ပေးဝေခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
COVID -19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ နေ့လည်(၁၃:၀၀)နာရီအချိန်အထိ ဘားအံမြို့နယ်၊ ရွာကြီးကျေးရွာ၊ ရွာလေးကျေးရွာ၊ မြိုင်ကလေးစံပြကျေးရွာ၊ ကျောင်းအထက်ကျေးရွာ၊ ကူးဆိပ်ကျေးရွာ၊ ဖားကပ်စံပြကျေးရွာ၊ လှာကာကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ ဖိုးရှိုးကျေးရွာနှင့် အမှတ်(၂) တန်(၄၀၀၀)ဘိလပ်မြေစက်ရုံများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2020 … Read more









