မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​ငါးလန်ကျေးရွာအုပ်စု၊ ​ငါးလန်ကျေး၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေး၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတို့တွင် (၃၀-၉-၂၀၂၀)ရက်နေ့နှင့်(၃-၁၀-၂၀၂၀)ရက်နေတို့၌ ဧရာဝတီမြစ်​နှင့်ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၆၇၂၀ဝိ/-)၊ စုစုပေါင်းကျပ်(၇၆၇၂၀ဝိ/-)အား (၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ရေစကြိုမြို့နယ်ဦးစီးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_oct2020 Source:             ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကံကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာ၊ မြဦးအိုင်ကျေးရွာနှင့် ကဝက္ကင်းကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတို့၌ (၈-၁၀၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)ပုံးနှင့်  အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၃၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၅၂၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၂၅၂၀ဝိ/-)တို့အား (၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_oct2020 Source:             မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၀.၂၀၂၀)ရက်နေ့ (၀၃း၂၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့၊ အမှတ်(၂)ရေနံနှင့်သဘာဝဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိခဲ့သည့် (၁၀)ဦးအနက် ညောင်တုန်းမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ (၇)ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးမှူးတို့နှင့်အတူ တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ (၃၅၀၀၀၀ိ/-)အား (၉.၁၀.၂၀၂၀)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌လည်းကောင်း၊  မအူပင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ (၃)ဦးအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးနှင့်အတူ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၉) မိုင် ကျေးရွာတွင် (၈-၁၀-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-)၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀၀/-)အား (၉-၁၀-၂၀၂၀) ရက်နေ့ (၁၁း၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_oct2020 Source:             တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၂၀)ရက်နေ့၌ ထားဝယ်မြို့နယ်၊ ပျံကျကမ်းနားစျေးနှင့် မြို့မစည်ပင်သာယာရေးစျေးကြီးတို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန logoပါ mask၊ အဖွဲ့အစည်းများမှ လှူဒါန်းသော hand gel ၊ face shield နှင့်ဆပ်ပြာများကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_oct2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၅-၁၀-၂၀၂၀)ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ဝမ်ပိန်းကျေးရွာ အုပ်စု၊ဟိုခိုင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင် စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂၀၀၀၀၀/-)၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၈၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂၀၈၄၀၀-/)အား(၉-၁၀-၂၀၂၀)ရက်နေ့၊ နံနက် (၁ဝး၀၀)အချိန်တွင်နမ့်စန် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_oct2020 Source:             လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)