သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီမှ (၀၉း၀၀)နာရီအထိတွင် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ကသာမြို့၊ သီရိခေမာစျေးအတွင်း နှင့် စျေးရှေ့ရှိ လမ်းသွားလမ်းလာပြည်သူများအား ဝန်ကြီးဌာန logoပါ Mask များ၊ လက်ကမ်းစာစောင်များဝေငှခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ ပြန်/ဆက် ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#sgg_oct2020

Sign Up

Upcoming Events