ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

    စက်တင်ဘာ ၃၀၊ နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ – ၂၀၂၄) အပေါ် ဦးစားပေး လုပ်ငန်းအစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသား ကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် UNFPA Myanmar … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇော်ဂျီတွင်းကျေးရွာ၌ (၃၀.၉.၂၀၂၀)ရက်နေ့၊ (၂၁:၃၀) အချိန်၌ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့သည့် လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၉၀ဝိ/-)၊ ရေဘေးသင့် အိမ်ထောင်စု(၄)စုစာ အတွက်ထောက်ပံ့ငွေ(၄၀၀၀၀ဝိ/-) ၊ စုစုပေါင်းထောက်ပံ့မှုငွေ(၄၃၉၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)အိမ်ထောင်စုစာတို့အား နေပြည်တော်တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ဥတ္တသီရိမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် (၂.၁၀.၂၀၂၀) ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fld #npw_oct2020 Source:             ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာ (၂၈.၉.၂၀၂၀)နေ့ ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀ိ/)၊ စုစုပေါင်း (၁၁၆၈၀၀)အား (၁.၁၀.၂၀၂၀)ရက်နေ့(၁၂)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ တဆင့် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_oct2020 Source:             ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဘေးသင့်သေဆုံးပြည်သူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၉-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘွမ်နန်ကျေးရွာရှိ ချောင်ဘရားသားကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ အမြင့်ပေ(၁၅၀)ခန့်၊ အလေးချိန်(၃)ပိဿာခန့်ရှိ ကျောက်ခဲပြုတ်မှုကြောင့် ကမ်းပါးယံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသူ ဦးခေါင်းထိမှန်သေဆုံးခဲ့သောကြောင့် ဘေးသင့်သေဆုံးပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘွမ်နန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_otr #kcn_oct2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မြေပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိလုပ်ကွက်ကျင်း၌ ကမ်းပါးယံ မြေသားပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် အမြင့်ပေ(၁၂၀)ခန့်၌ ရေမဆေးကျောက်ရှာဖွေနေသော ဘေးသင့်သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်၊ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၅၀,၀၀ဝ/-)ကျပ်အား (၁-၁၀-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် စပေါ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kcn_oct2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးထောက်ပံ့ခြင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၃၀-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၀၅၀၀ိ/-)၊ စုစုပေါင်း (၁၁၀၅၀၀ိ/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source:             … Read more