မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၀.၂၀၂၀) ရက်နေ့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၉.၁၀.၂၀၂၀) ရက်နေ့ (၀၃:၂၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့ အမှတ်(၂)ရေနံနှင့် သဘာဝ ဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၂)စု၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၂၁၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၂၁၀၀၀/-)ကျပ် အား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#ayy_oct2020

Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events