ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒ ဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ လူငယ်များနှင့် ညှိနှိုင်းဆွေးနွေး

    အောက်တိုဘာ ၃၊ နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ( ၂၀၂၀ – ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    မြစ်ရေကြီးမှုအခြေအနေသတင်း ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည်မြစ်ငယ်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH

  • Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်းရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၀.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင်လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (၇၅) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ အတွင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက်ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅)နှစ်ပြည့် အထိမ်း အမှတ် အဆင့်မြင့်အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

    အောက်တိုဘာလ(၂) ၊ နေပြည်တော်   ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်၊ နယူးယောက်စံတော်ချိန် နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည့်(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅) နှစ်ပြည့်အထိမ်းအမှတ် အဆင့်မြင့်အစည်း အဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါအဆင့်မြင့်အစည်းအဝေးသည် ၁၉၉၅ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေကျင်း မြို့၌ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ(၂၅)နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျား/မတန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းပကားမြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ(၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာတို့အား … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် (၃၀-၉-၂၀၂၀) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု ( ၁) စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၂၀ဝ/-) ကျပ် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ သေဆုံး သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ ဒဏ်ရာရလူနာ(၁) ဦးအတွက် … Read more