လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ် ( ၂ ) ၊ဆန်တန်းရပ်၌ (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၂၃:၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ ကုက္ကိုပင်ပြိုလဲကျခဲ့သဖြင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၈,၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်နှင့်(၃၅,၀၈၁/-)တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ တစ်အိမ်ထောင်စာတို့ကို (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mdy_oct2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events