မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၉/၂၀၂၀)

    ======================================= (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်) (မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =================================== (က) မုန်တိုင်းငယ်အခြေအနေ ———————————- (၁) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်- အရှေ့တောင်ဘက် ရေမိုင်(၂၂၀)မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင်ဘက် ရေမိုင်(၂၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာ (၉.၁၀.၂၀၂၀)ရက်နေ့ဖြစ်ပွား သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်အား (၁၁.၁၀.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့် ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_oct2020 Source:  ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​ ရေကြည်မြို့နယ်၊ ​​ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာ တို့၌ (၉-၁၀-၂၀၂၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှံးခဲ့သည့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀ဝ/-)၊​ စုစုပေါင်းလူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၆၈၀ဝ/-)ကျပ်အား  (၁၁-၁၀-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source:  … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊  မရမ်းကုန်းရပ်ကွက်၊ ဇောင်းယားပင်ဆိပ် (၃)လမ်းတွင် (၈-၁၀ -၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀ဝ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၁၂၆၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၂၆၀ဝ/-)အား (၉-၁၀-၂၀၂၀) ရက်နေ့၊  (၁၄:၀၀)နာရီအချိန်တွင် မရမ်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ha_sgw #ayy_oct2020 Source:  … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု မှ ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၁၅)လုံး၊ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၈၉၀၀၀/-)ကျပ်၊ လူဦးရေ (၇၂)ဦးအတွက် ဆန်ဘိုးထောက်ပံ့ငွေ (၁၅၁၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more

  • မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၁.၁၀.၂၀၂၀) ရက်နေ့တွင် မြစ်ရေကြီးမှုအခြေအနေသတင်း

    ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင်ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။