လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်‌ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် မြို့မစျေးအတွင်းရှိ ပြည်သူများအား lDDRR LOGO အမှတ်တံဆိပ်ပါ Mask (100)ခု နှင့် Surgical Mask (514)ခု အားဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #bgo_oct2020

  • “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” ကို ဂုဏ်ပြုသောအားဖြင့် Mask များ ဝေငှမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀)ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့”ကို ဂုဏ်ပြုသောအားဖြင့် IDDRR Logo ပါ Mask (၂၀၀)ခုနှင့် Surgical Mask (၁၀၀၀)ခုတို့ကို မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စွမ်းအားသစ် ကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့်ပူးပေါင်း၍ ပြည်သူများအား ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #bgo_oct2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ မင်းဘူးမြို့၊ အဝိုင်းပတ်၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှုဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logo ပါ Mask များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအနက် ထပ်မံသေဆုံးခဲ့သူ၏ မိသားစုထံ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့အမှတ်(၂)ရေနံနှင့်သဘာဝဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအနက်မှ ထပ်မံသေဆုံးသူ (၁) ဦးအတွက် ထောက်ပံငွေ (၃၀၀၀၀၀/-) ကျပ်တိတိအား (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် သေဆုံးသူ၏မိသားစုထံ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ayy_oct2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ခရိုင်/ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ UNDP၊UNOCHA၊CSOများနှင့် ပူး‌ပေါင်း၍ မြစ်ကြီးနားမြို့လူထုအ‌ခြေပြုဗဟိုဌာန (Community Center ) ရှေ့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အဖြစ် အင်္ကျီများ၊ Mask များ၊ လက်ဆေးရည်များ၊ Face shieldများ၊ သဘဝ‌ဘေးအသိပညာ‌ပေး လက်ကမ်းစာ‌များဝေငှခြင်း၊ ပိုစတာများပြသခြင်း၊ ကျန်းမာရေးနှင့်အားကစားဝနကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့်ပတ်သက်‌သည့် အသိပညာ ဗဟုသုတများအား ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Mask များ ဝေငှမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ အခွန်လွတ်စျေး၊ မြို့မစျေး၊ ရွှေဧရာလမ်းစုံနှင့် သစ္စာလမ်းမီးပွိုင့်၌ ပြည်သူများအား ဦးစီးဌာနမှ ဌာန Logo ပါ Mask များကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mgy_oct2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)