Latest News
-
မိုးကြိုးဘေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးခြင်းကို Online အစီအစဉ်ဖြင့် ပြသနိုင်ရေးအတွက် ရိုက်ကူးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးကြိုးဘေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Online အစီအစဉ်ဖြင့် ဆောင်ရွက်ပြသနိုင်ရေးအတွက် ရိုက်ကူးမှုကို ပြန်/ဆက်ဌာနခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_oct2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၌ ညောင်ကိုင်းကျိုးကျမှုကြောင့် နေအိမ်ခေါင်မိုးထုပ်တန်းကျိုးကျကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၈-၁၀-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mon_oct2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်တနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု ကဿဝင်ရွာမကျေးရွာနှင့် ပြည်တော်သာကျေးရွာ၊ တောကျောင်းကျေးရွာအုပ်စု မင်းသားကျွန်းကျေးရွာတို့၌ (၇-၁၀-၂၀၂၀) ရက်နေ့နှင့် (၈-၁၀-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၃၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၇၉၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၇၉၈၀၀/-) ကျပ်တိတိအား (၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၉)နာရီတွင် Online စနစ်ဖြင့်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ Online အစည်းအဝေးအား COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် မျှဝေဆွေးနွေးသွားလိုခြင်းနှင့် ရေရှည်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေးတို့အတွက် မဟာဗျူဟာတစ်ရပ်ရေးဆွဲသွားနိုင်ရေး ဆွေးနွေးညှိနှိုင်းသွားနိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ COVID-19 ကြောင့်ဖြစ်လာမည့် လူမှုစီးပွားအခက်အခဲများသည် ကာလတစ်ခုအထိ သက်ရောက်မှုရှိနေနိုင်သေးသည့်အတွက် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များအား … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ( ၂/၂၀၂၀) ကျင်းပ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၀)ကို လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် COVID-19 ကာလအတွင်း မသန်စွမ်းသူများအတွက် မိမိတို့ဝန်ကြီးဌာနက လမ်းပေါ်နေကလေးများ၊ ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် အနာကြီးရောဂါခံစားနေရသူများအား ငွေကြေးထောက်ပံ့ခြင်းနှင့် အာဟာရပြည့်ဝနိုင်စေရန် အထောက်အကူပြုစေရေး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် (၂၆-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်မှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၆၀၀,၀၀၀ိ/-)၊ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၄၂,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၇၄၂,၈၀၀ိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)









