အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ခရိုင်/ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ UNDP၊UNOCHA၊CSOများနှင့် ပူး‌ပေါင်း၍ မြစ်ကြီးနားမြို့လူထုအ‌ခြေပြုဗဟိုဌာန (Community Center ) ရှေ့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အဖြစ် အင်္ကျီများ၊ Mask များ၊ လက်ဆေးရည်များ၊ Face shieldများ၊ သဘဝ‌ဘေးအသိပညာ‌ပေး လက်ကမ်းစာ‌များဝေငှခြင်း၊ ပိုစတာများပြသခြင်း၊ ကျန်းမာရေးနှင့်အားကစားဝနကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့်ပတ်သက်‌သည့် အသိပညာ ဗဟုသုတများအား ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_oct2020

Sign Up

Upcoming Events