ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၀) ရက်နေ့၌ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ်ကို (၁၄-၁၀-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_oct2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀၀/-)ကျပ် နှင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၌ ဝါးခယ်မမြို့နယ်၊ တြိန်းကျွန်းကျေးရွာအုပ်စု၊ သာယာကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၉- ၁၀- ၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ၊ ဘွမ်နန်အပိုင်းတွင် ဖြစ်ပွားခဲ့သော ဘုရားမီးပူဇော်သည့် ဖယောင်း တိုင်မီးမှအနီးရှိ ၀ါးထရံသို့ မီးကူးစက်လာင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါပုံး (၁) ပုံး၊ (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ(၂,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း … Read more

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် RCSS/SSA တို့ ထိတွေ့မှုဖြစ်ပွားသဖြင့် (၅/၆-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ဘုန်းတော်ကြီး ကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ နားဆောင်းဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီးကျောင်းနှင့် နောင်ကွမ်ဘုန်းတော်ကြီးကျောင်း များသို့ တိမ်းရှောင်ရောက်ရှိလာသောအိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ (၁,၂၄၁) ဦးအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၂,၆၀၆,၁၀၀)ကျပ်အား (၁၄-၁၀-၂၀၂၀)ရက် (၁၁:၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ပရဟိတ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက် ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၁၀.၂၀၂၀)ရက်နေ့ (၂၀:၃ဝ) နာရီအချိန်တွင် သရက်ချောင်းမြို့နယ်၊ ဥတ္တူ‌ ကျေးရွာအုပ်စု၊ ဥတ္တူကျေးရွာ၌ ​ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁) အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ(၄)ဦးအတွက်ဆန်ရိက္ခာဖိုး (၈၄၀၀/-) ကျပ်၊ စုစုပေါင်း (၂၀၈၄၀ဝ/-)ကျပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်‌ခြေနီမှ တာဝန်ရှိ သူများနှင့်အတူ (၁၄.၁၀.၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct2020 Source:  သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး … Read more

  •  Shelter (၁) လုံးတည်ဆောက်နိုင်ရန် မြေနေရာအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆွာမင်းလမ်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာအုပ်စု၊ ရွှေကစောင်းကျေးရွာအုပ်စုရှိ ပြည်သူများသည် ၂၀၁၈ ခုနှစ်အတွင်း ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့ရသဖြင့် ၎င်းဒေသများအတွက် သဘာဝဘေးကာကွယ်စောင့်ရှောက်ရန် Shelter (၁) လုံးတည်ဆောက်ပေးနိုင်ရေး တင်ပြတောင်းခံလာခြင်းနှင့်စပ်လျဉ်း၍ (၁၄-၁၀-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_oct2020 Source:  တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)