လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ အောင်ဝိဇ္ဇာပိုင်း တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးဆုံးရှံးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀ဝိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀ဝိ/-)အား (၁၉-၁၀-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စာအား(၂၃-၁၀-၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_oct2020

Sign Up

Upcoming Events