ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊‌ မယ်ဆွမ်‌(တောင်) ရပ်ကွက်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ဝမ်ကျောင်းရပ်ကွက်၊ နောင်ဟီးရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဝိန်းနေရပ်ကွက်၊ ဝိန်းဝိုင်ရပ်ကွက်၊ ကျဒယ်ရပ်ကွက်၊ နားကောရပ်ကွက်၊ နားမရပ်ကွက်နှင့် နောင်ပိုရွာတို့၌ Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်င်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် RCSS/SSAတို့ ထိတွေ့မှုဖြစ်ပွားသဖြင့် ကျောက်မဲမြို့နယ်၊ ဟဲကွီဘုန်းတော်ကြီးကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ ဟိုနမ့်ဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီးကျောင်း၊ နားအွမ်ဘုန်းတော်ကြီးကျောင်း၊ ကွမ်ဟင်ဘုန်းတော်ကြီးနှင့် ကောင်းမှုခံဘုန်းတော်ကြီးကျောင်းများသို့ တိမ်းရှောင်ရောက်ရှိလာသော အိမ်ထောင်စု(၅၈၇)စု၊ လူဦးရေ(၂,၀၁၄)ဦးအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၄,၂၂၉,၄၀၀) ကျပ်အား (၁၅-၁၀-၂၀၂၀) ရက် (၁၁:၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘာသာရေးအဆောက်အဦ(၁)လုံးအား သင်္ကန်းများနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာ၊ လုလုဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘာသာရေးအဆောက်အဦ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ သံဃာ (၁၁) ပါးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၂၃၁၀၀)ကျပ်၊ သံဃာများအတွက် သင်္ကန်း(၁၁)စုံ၊ ပစ္စည်းတန်ဖိုးငွေ (၁၁၆,၀၀၀) ကျပ်နှင့် ထောက်ပံ့ငွေသားစုစုပေါင်း (၃၂၃,၁၀၀) ကျပ်အား (၁၅-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၀/၁၁/၁၂) ရပ်ကွက်များတွင် လှည့်လည်၍ covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်း ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင် ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတို့၌ (၉-၁၀-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦးမ (၂) ဦး၊ စုစုပေါင်း (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆,၃၀၀) ကျပ်နှင့် ပြောင်းရွှေ့နေအိမ် (၁) … Read more

  • သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများအား online မှတဆင့် Talk Show ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် များအကြောင်း သိကောင်းစရာများအား online မှတဆင့် Talk Show ဆွေးနွေးပွဲအနေဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_oct2020