လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၂၀) ရက်နေ့(၁၇:၀၅)နာရီအချိန်၌ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၂)စုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစိတ်တပိုင်းပျက်စီး နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၉)ဦးတိုအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၈၉၀၀/-)ကျပ်တို့အား (၂၄-၁၀-၂၀၂၀)ရက်နေ့ နေ့လည် (၁၄:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ ထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_oct2020

Sign Up

Upcoming Events