လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၂၆-၉-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာ၊ စွန်တောင်ပေါ်ကျေးရွာနှင့် ပန်းစိပ်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_oct2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြေနေရာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်၀င်းစန္ဒာကြည်သည် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် Cyclone Shelter တည်ဆောက်နိုင်ရေးအတွက် အကျိုးပြုနိုင်မည့်လူဦးရေနှင့် ကျေးရွာများ၊ တည်ဆောက်မည့်မြေနေရာအခြေအနေနှင့် Shelter သို့ သွားရောက်နိုင်မည့် လမ်းကြောင်းအခြေအနေများအား (၁၉.၁၀.၂၀၂၀) ရက်နေ့ (၁၄: ၀၀) အချိန်တွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။   #infra_dev #tny_oct2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • တံတားတည်ဆောက်ခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ် (၉၉၄၀၀၀၀) ကျပ် (ကိုးဆယ့်ကိုးသိန်းလေးသောင်းတိတိ)အား (၂၆.၁၀.၂၀၂၀) ရက်နေ့‌ ၊ (၁၅:၀၀) နာရီအချိန်တွင် ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကျန်သရီး)၌ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်တံတားဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #bgo_oct2020 Source:             ကျောက်တခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ

  • COVID -19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၁၀.၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁/၂/၃) ရပ်ကွက်များတွင်လှည့်လည်၍ COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့၌ တမူးခရိုင်၊ တမူးမြို့၊ စျေးတန်း(၁၁)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၁)အိမ်ထောင်စာ၊ Mask (၆)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်အား (၂၆-၁၀-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_oct2020

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာနှင့် ဗားမနီးကျေးရွာတို့၌ (၂၅-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ(၇၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၆၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၅၅၄၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၇၅၅၄၀ဝိ/-)အား (၂၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၃:၅၀)နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)