တံတားတည်ဆောက်ခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ် (၉၉၄၀၀၀၀) ကျပ် (ကိုးဆယ့်ကိုးသိန်းလေးသောင်းတိတိ)အား (၂၆.၁၀.၂၀၂၀) ရက်နေ့‌ ၊ (၁၅:၀၀) နာရီအချိန်တွင် ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကျန်သရီး)၌ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်တံတားဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#bgo_oct2020

Source:             ကျောက်တခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ

Sign Up

Upcoming Events