လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၉.၁၀.၂၀၂၀) ရက်နေ့ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ မီးဘေးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်နှင့် Family Kits (၂)ပုံးတို့အား မီးဘေးသင့်ပြည်သူများထံသို့ (၃၀.၁၀၂၀၂၀)ရက်နေ့ (၁၂:၀၀)တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_oct2020 Source:  ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID – 19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၀.၂၀၂၀)ရက်နေ့၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် အေးချမ်းသာရပ်ကွက်အတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid – 19ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက်  ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုတ်ကြီး ကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာတွင် (၂၈.၁၀.၂၀၂၀) ရက်နေ့ ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀/-) ကျပ်နှင့် အဝတ် mask (၁၀) ခုတို့အား (၂၉.၁၀.၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_oct2020 Source:  … Read more

  • COVID -19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၁၀.၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၇/၈/၉)ရပ်ကွက် များတွင် လှည့်လည်၍ Covid – 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source:    ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေမဆေးကျောက်ရှာဖွေရာတွင် ပေ (၆၀) ခန့်မှ ကျောက်ခဲထိမှန်သေဆုံးပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ယခင်ရတနာစန်းရွှင်ကျောက် မျက်ကုမ္မဏီလုပ်ကွက်ဟောင်းအောက်ခြေတွင် ဖြစ်ပွားခဲ့သော ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၆၀) ခန့်မှ ကျောက်ခဲများရုတ်တရက်ပြုတ်ကျလာပြီး ကျောက်ခဲထိမှန်မှုကြောင့် သေဆုံးခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား (၂၉- ၁၀- ၂၀၂၀) ရက်နေ့၊ (၁၀:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn_oct2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး … Read more

  • နေပြည်တော်ကလေးပြုစုရေးဌာနအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ထမ်းမိသားစုများက အလှူငွေများလာရောက်လှူဒါန်း

      အောက်တိုဘာ ၂၉၊ နေပြည်တော် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းထားသည့် နေပြည်တော်ကလေးပြုစုရေးဌာနတွင် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီ အမှူးပြုသော ဝန်ထမ်းမိသားစုများ၏ စုပေါင်းအလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီဒေါက်တာဝင်းမြတ်အေး လက်ခံခဲ့ပါသည်။ ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ဇနီးဒေါ်မြသိင်္ဂီက လှူဒါန်းရသည့်အကြောင်းအရင်းကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် … Read more