ရေမဆေးကျောက်ရှာဖွေရာတွင် ပေ (၆၀) ခန့်မှ ကျောက်ခဲထိမှန်သေဆုံးပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ယခင်ရတနာစန်းရွှင်ကျောက် မျက်ကုမ္မဏီလုပ်ကွက်ဟောင်းအောက်ခြေတွင် ဖြစ်ပွားခဲ့သော ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၆၀) ခန့်မှ ကျောက်ခဲများရုတ်တရက်ပြုတ်ကျလာပြီး ကျောက်ခဲထိမှန်မှုကြောင့် သေဆုံးခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား (၂၉- ၁၀- ၂၀၂၀) ရက်နေ့၊ (၁၀:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#kcn_oct2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events