Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ် သောင်ကျောင်းကုန်းကျေးရွာ၌ (၃၀-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် အိမ်ခြေ(၂)လုံး၊ လူဦးရေ (၁၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃,၁၀၀) ကျပ်တို့ကို (၄-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_nov2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ (၃၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၉:၂၀)တောင်ကြီးမြို့နယ်၊ ရွှေတောင်ရပ်ကွက်တွင် လျှပ်စစ်ဒယ်အိုးအပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်(၂)လုံးအိမ်ထောင်စု(၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး (၈)အိမ်ထောင်စုစာ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၄၀၀၀၀၀/-)၊လူ ဦးရေ (၁၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက် စာကျပ်(၃၅၇၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၄၃၅၇၀၀/-)အား (၄-၁၀-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)အချိန်တွင်ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မန်ကျည်းကုန်း ကျေးရွာအုပ်စု၊ ဂွတောကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု (မရမ်းကုန်း၊ ရှောက်ချောင်း၊ ကြိုးကြာကွင်း၊ လယ်တီလေး၊ ဘုရားကုန်း)ကျေးရွာ၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ အုပ်စု၊ (အင်းကလေး၊ ကွင်းလယ်စု)ကျေးရွာ၌ (၃၀-၁၀-၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၅၉၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၅၉၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စာ … Read more
-
Cyclone Shelter တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုမှုသတင်း
(၄-၁၁-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်တော်ဝင်ပုလဲကုမ္ပဏီမှ မန်နေဂျာနှင့်အတူ တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် (၆၀x၆၀)ပေ Cyclone Shelter တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #infra_dev #tny_nov2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား လယ်ဝေးမြို့နယ်၊ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)ရပ်ကွက်များအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာတို့တွင်(၃၁-၁၀-၂၀၂၀ ) ရက်နေ့နှင့် (၃-၁၁-၂၀၂၀) ရက်နေ့တို့၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ (၇၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး(၁၄၇,၀၀ဝ) ကျပ်၊စုစုပေါင်း (၁,၆၄၇,၀၀ဝ) ကျပ်တို့ကို (၄-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









