လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာ၊ ဇောတိကုန်းကျေးရွာ၊ နမ့်ဟူးတောင်းအထက်ကျေးရွာ၊ နမ့်ဟူးတောင်းအောက်ကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)