လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ ရေနီပေါက်ကျေးရွာ၊ မိုင်ထမ်းကျေးရွာ၊ ဝမ်ချယ်ကျေးရွာ၊ ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာာ၊ နန့်နောက်ကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀)ရက်နေ့တွင် မော်လိုက်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၄,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၄,၁၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာနှင့်  အဝတ် mask (၄၂)ခုအား (၁၇-၁၀-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူ များထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_nov2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲ ကျေးရွာအုပ်စု၊ ချင်းယားကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်း ကျေးရွာတို့တွင်(၁၆-၁၁-၂၀၂၀)ရက်နေ့၊(၁၀း၀၀)နာရီ၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၆၃)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၃၂,၃၀ဝ/-)ကျပ် ၊စုစုပေါင်းထောက်ပံ့ငွေ (၁,၂၃၂,၃၀ဝ/-)ကျပ်အား(၁၆-၁၁-၂၀၂၀)ရက်နေ့၊(၁၅:၀၀)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ သရက်ပင်ကျေးရွာ၊ ဟိုနားကျေးရွာနှင့် ဘန်းကန်ကျေးရွာ တို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့် များအသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေးလက်ကမ်းစာ စောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၃၅၇,၀၀/-) ကျပ်အား (၁၇-၁၁-၂၀၂၀) ရက်နေ့၊ (၁၃:၄၅)နာရီအချိန်တွင် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့ … Read more