ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲ ကျေးရွာအုပ်စု၊ ချင်းယားကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်း ကျေးရွာတို့တွင်(၁၆-၁၁-၂၀၂၀)ရက်နေ့၊(၁၀း၀၀)နာရီ၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၆၃)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၃၂,၃၀ဝ/-)ကျပ် ၊စုစုပေါင်းထောက်ပံ့ငွေ (၁,၂၃၂,၃၀ဝ/-)ကျပ်အား(၁၆-၁၁-၂၀၂၀)ရက်နေ့၊(၁၅:၀၀)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_nov2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events