Latest News
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar နှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစတင်ကာ လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ကဒန်းကြီးကျေးရွာနှင့် ချစ်တီးကုန်းကျေးရွာများအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးခြင်း၊လက်ကမ်းစာစောင်များ၊ Masks များနှင့် ရေသန့်ဆေးထုပ်များအား ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: … Read more
-
အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သော ကမ်းနားကွန်ကရစ်လမ်းအား ကျောက်စီရေကာတာတန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြန်လည်တည်ဆောက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀ ) ရက်နေ့အထိ တိုက်ခတ်ခဲ့သော အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သော ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာရှိ အရှည် (ပေ ၄၂၅) ရှိ ကမ်းနားကွန်ကရစ်လမ်းအား ကျောက်စီရေကာတာတန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြန်လည်တည်ဆောက်မှုအခြေအနေအား (၂၂-၁၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_str #tny_nov2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၀) ရက်နေ့တွင် ရွာငံမြို့နယ်၊ တပ်ကုန်း(လက်ပံပင်)ရပ်ကွက်နှင့် ဈေးတန်း(ကွတ်သစ်)ရပ်ကွက်တို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆင်နင်းမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုများထံ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာနှင့် ပင်ကြိမ်ရွာဟောင်းကျေးရွာများ၌ (၁၁-၁၁-၂၀၂၀)ရက်နေ့နှင့် (၁၃-၁၁-၂၀၂၀)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ဆင်နင်းမှုဖြစ်စဉ်ကြောင့် မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာမှ သေဆုံးခဲ့သူ(၁)ဦးနှင့် ပင်ကြိမ်ရွာဟောင်းကျေးရွာမှ သေဆုံးခဲ့သူ(၃)ဦး စုစုပေါင်းသေဆုံးခဲ့သူ(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၁)ဦးလျှင် (၃၀၀၀၀ဝိ/) ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၂၀၀၀၀ဝိ/-)ကျပ်တိတိကို ကျန်ရစ်သူမိသားစုလက်ဝယ်သို့ (၂၁-၁၁-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_nov2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်စန်မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၁၁-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:ဝဝ)နာရီမှ(၁၂:ဝဝ)နာရီထိ နမ့်စန်မြို့၊ မြို့မစျေးနှင့် လူစည်ကားသည့်ပြည်ထောင်စုလမ်းမလမ်းဆုံလမ်းခွဖြစ်သည့် မီးပွိုင့်၊ ရပ်ကွက်(၁) နှင့်ရပ်ကွက်(၃)တို့၌လည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၆:၁၅)နာရီအထိ နမ်စန်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာ၊ အမှတ်(၁)ကျေးရွာ၌လည်းကောင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည်ဆော်သြပြီး ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗွီနှိုင်းများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များနှင့် Covid-19 ရောဂါ ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၀) ရက်နေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ရောဂါ ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးပန်ကြားချက်များကို Loud Speaker၊ Hand Speaker တို့ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_nov2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)









